မော်တော်ယာဉ်မောင်းသူများ သိထားသင့်တဲ့ အဓိကအချက်များ
*** မော်တော်ယာဉ်မောင်းသူများ သိထားသင့်တဲ့ အဓိကအချက်များ ***
🚗 အင်ဂျင် 🚗
-------------------
- အင်ဂျင် Over Heat ဖြစ်နေချိန် ရေခဲရေလို ရေအေးတွေ မလောင်းသင့်ပါဘူး။
- ကီလို ၃၀၀၀ မောင်နှင်ပြီးတိုင်း အင်ဂျင်ဝိုင်ကို စစ်ပေးပါ။
- သန့် ရှင်းတဲ့ ရေကိုပဲသုံးပါ။ ရေတိုင်ကီအဖုံး၊ ရေပိုက်၊
ရေပန့် တွေ ကောင်း/မကောင်း ပုံမှန်စစ်ပေးပါ။
- Coolant ရေ စိမ့်နေလား၊ အပျစ်အကျဲ ပုံမှန်ဖြစ်ရဲ့ လား စစ်ပေးပါ။
- မြို့ တွင်းလမ်း အသုံးများတဲ့ကားက လမ်းပိတ်ချိန်၊ ရပ်နားရတဲ့အချိန် ပိုများတာကြောင့် ဖုန်တွေပိုဝင်စေပါတယ်။ ရေတိုင်ကီလမ်းကြောင်း မပိတ်အောင် ပုံမှန်စစ်ဆေးပေးပါ။
- အင်ဂျင် အရွယ်ကြီး ( 3.0 နဲ့ အထက် ) ကားတွေ မြို့ တွင်းမောင်းချိန်မှာ မီးပွိုင့်မိတာ၊ လမ်းကြောပိတ်တာမျိုးဆို စက်ကို ရပ်နားပေးသင့်ပါတယ်။ ဆီစားသက်သာစေသလို သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုလည်း သက်သာစေပါတယ်။
- အင်ဂျင်သေးကားတွေ ခရီးဝေးမောင်းနေမယ်၊ Air Con , Audio လည်းသုံးထားမယ်ဆို မကြာခဏ ရပ်နားပေးသင့်ပါတယ်။
- အင်ဂျင်ဝိုင် သက်တမ်းလွန်နေပြီဆိုရင် မီးခိုးလိုက်တက်ပါတယ်။
- Ring နဲ့ Piston တွေ ကျနေပြီဆိုရင်လည်း မီးခိုးလိုက်တက်ပါတယ်။
- ၀န်ပိုတင်မယ်ဆိုရင်လည်း အင်ဂျင်ပိုပြီး ရုန်းရတာကြောင့် မီးခိုးလိုက်တက်ပါတယ်။
- လမ်းကြမ်းပိုင်းဆိုရင်လည်း အင်ဂျင်ရုန်းရတာကြောင့် မီးခိုးလိုက်တက်ပါတယ်။
- တောင်တက်လမ်း မောင်းနှင်ခြင်းကြောင့် မီးခိုးလိုက်တက်ပါတယ်။
- Plug က မီးတောက် မမှန်ဘူး ၊ သက်တမ်းလွန်နေမယ်ဆိုရင် မီးခိုးလိုက်တက်ပါတယ်။
- မသန့်ရှင်းတဲ့ဆီကို ထည့်မောင်းမယ်ဆိုရင်လည်း မီးခိုးလိုက်တက်ပါတယ်။
- လေစစ်က ချို့ယွင်းနေမယ်ဆိုရင်လည်း မီးခိုးလိုက်တက်ပါတယ်။
- အဆို့ရှင်တွေမှာ ဆီချေးတွေ ပိတ်နေမယ်ဆို မီးခိုးလိုက်တက်ပါတယ်။
- Air-Con ဖွင့်ပြီး မောင်းနှင်တာဟာ ခရီးတိုအတွက် မသိသာပေမယ့် ခရီးဝေး မောင်းနှင်တာမျိုးမှာတော့ အင်ဂျင်အပူချိန်တက်နှုန်းကို သိသိသာသာ မြန်ဆန်စေပါတယ်။
- ဝန်ပို ကီလို ၁၀၀ တင်ဆောင်လေလေ အင်ဂျင်အပူချိန် ၅ ရာခိုင်နှုန်း ပိုပူလေလေ ဖြစ်ပါတယ်။
- ဘီးတွေ လေပေါင်ချိန် မပြည့်ပဲ မောင်းနှင်မယ်ဆို အင်ဂျင်က ပိုပြီးရုန်းကန်ရတာကြောင့် အင်ဂျင်အပူချိန် မြင့်တက်မှုကို မြန်စေပါတယ်။
- ခရီးဝေး မောင်းနှင်ချိန်မှာ ကားတံခါးအားလုံး အပြည့်ချပြီးမောင်းမယ်ဆို တန်ပြန်လေကို တိုက်ခက်မှု များစေတာကြောင့် အင်ဂျင်အပူချိန် တက်နှုန်း မြန်စေပါတယ်။
- တောင်တက်လမ်း နဲ့ အကွေ့ အကောက်များတဲ့ လမ်းတွေမှာ မောင်းနှင်တာကလည်း အင်ဂျင်အပူချိန် တက်နှုန်း မြန်ဆန်စေပါတယ်။
- ဂီယာကို စနစ်တကျ မှန်မှန်ကန်ကန်ပြောင်းပြီး မမောင်းဘူးဆိုရင်လည်း အင်ဂျင်အပူချိန်တက်နှုန်း မြန်စေပါတယ်။
- Plug က ချို့ယွင်းတာမျိုး၊ စက်သုံးဆီ မသန့်ရှင်းတာမျိုး၊ အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တာမျိုးဆို အင်ဂျင်အပူချိန် အတက်မြန်စေပါတယ်။
- Coolant အရည် မကောင်းတော့ရင်လည်း အင်ဂျင်အပူချိန်တက်နှုန်း မြန်စေပါတယ်။
- ရေတိုင်ကီထဲမှာ ရေနည်းနေမယ်ဆိုရင် အင်ဂျင်အပူချိန် မြင့်တက်နှုန်း မြန်စေပါတယ်။
- ဘက်ထရီခေါင်းတွေ လွတ်နေမယ်ဆို စက်နှိုးရတာခက်ပါလိမ့်မယ်။
- ပန်ကာကြိုးချောင်နေမယ်ဆို အားမ၀င်ပဲ အင်ဂျင်အထနှေးပါမယ်။
- ဒိုင်နမိုက မီးထွက်မမှန်ဘူးဆိုရင် အားမ၀င်ပဲ အင်ဂျင်နှိုးရခက်ပါမယ်။
- ကာဗွန်စားသွားတာကြောင့် ကာဗွန်တိုပြီး မီးထွက်မမှန်ပဲ အင်ဂျင်နှိုးရခက်ပါမယ်။
- Alternator အတွင်းမှာရှိတဲ့ ဒိုင်အုပ်တွေ မကောင်းတော့ဘူးဆိုရင် အားမ၀င်ပဲ အင်ဂျင်နှိုးရခက်ပါမယ်။
- I.C Regulator မကောင်းတော့တာကြောင့် အားမ၀င်ပဲ အင်ဂျင် နှိုးရခက်ပါမယ်။
-------------------------------------------------
🚗 ဘက်ထရီ 🚗
-----------------------
- ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာ ထုတ်လုပ်မှု အရည်အသွေးအပေါ် မူတည်ပြီး အနည်းဆုံး ၂ နှစ်ကနေ ၄ နှစ်အထိပဲ သုံးနိုင်ပါတယ်။
- ဘက်ထရီရဲ့ အနီငုတ်၊ အနက်ငုတ်ကကြိုးတွေ ခေါင်းချောင်နေမယ်ဆိုရင် စက်နှိုးချိန်မှာ မော်တာက အီနေတာမျိုး ဖြစ်တတ်ပါတယ်။
- ဘက်ထရီထဲကို အက်ဆစ်ထည့်တော့မယ်ဆို အက်ဆစ်ပြင်းအား 1.300 ကျော်အောင် မထည့်သင့်ပါဘူး။
- ဘက်ထရီအားကို တိုင်းတော့မယ်၊ အက်ဆစ်ပမာဏ တိုင်းတော့မယ်ဆိုရင် ကားရပ်ပြီးပြီးချင်း မတိုင်းပဲ အင်ဂျင်စက်ရပ်ပြီး အနည်းဆုံး အချိန် ၅ မိနစ်ကြာမှ စစ်ဆေးပါ။
- ဘက်ထရီ Plate ပြားတွေ ပေါ်နေလောက်အောင် မိုးရေအက်ဆစ် နည်းနေမယ်ဆိုရင် အမြန်ဖြည့်ပါ။
- ဘက်ထရီခန်း တစ်ခန်း နဲ့ တစ်ခန်း အက်ဆစ် Level ညီ/မညီ သတိပြုပါ။
- ဘက်ထရီခန်းတွေကို ပိတ်ထားတဲ့ Plug ဖုံးတွေ စုံ/မစုံ စစ်ဆေးပါ။
- Start Motor က အလုပ်လုပ်တယ်။ ကရိုင်းကလည်း မွှေ့မယ်။ ဒါပေမယ့် စက်မနိုးတော့ဘူးဆိုရင် ဘက်ထရီကို စစ်သင့်ပါပြီ။
- Start Motor နဲ့ ကရိုင်းတွေ မလည်ဘူး၊ မမွှေ့တော့ဘူးဆိုရင် ဘက်ထရီစစ်သင့်ပါပြီ။
- ၀ိုက်ဘာလို အသေးစားအပိုင်းတွေ၊ စက်မနှိုးပဲ အလုပ်လုပ်တဲ့ Dashboard ပေါ်က မီးတွေ မလင်းတော့ဘူး၊ အလုပ်မလုပ်တော့ဘူးဆိုရင် ဘက်ထရီ စစ်သင့်ပါပြီ။
- စက်မနှိုးပဲ ဟွန်းတီးလို့ မမြည်တော့ဘူးဆိုရင် ဘက်ထရီကို စစ်သင့်ပါပြီ။
----------------------------------------------------
🚗 ကားကိုယ်ထည် 🚗
------------------------------
- နေပူထဲမှာ အကာအကွယ်မဲ့ အချိန်အကြာကြီး မရပ်ထားပါနဲ့ ။ ကားမိုးကာအစွပ်နဲ့ ဖုံးအုပ်ပါ။ နေရောင်အောက်မှာ အချိန်ကြာရပ်ထားတာက ဆေးသား အကျမြန်စေပါတယ်။ အဖြူရောင်က သိပ်မသိသာပေမယ့် အနက်ရောင်လို အရောင်ရင့် နဲ့ အခြား အရောင်တွေမှာ ဆေးသားကျတာ အရမ်းမြန်စေပါတယ်။ အဖြူရောင်ကတော့ အရောင်ကျမှုထက် ပြောင်လက်မှု အားနည်းသွားတာ တွေ့ရပါတယ်။ ကားတစ်စီးရဲ့  တန်ဖိုးကို သက်မှတ်ရာမှာ ကိုယ်ထည်ဆေးသားက အဓိကနေရာမှာ ရှိတာကြောင့် သတိပြုပါ။
- Sticker ကပ်ပြီး စီးနင်းမှုက Sticker အရည်အသွေး ကျသွားလို့ ပြန်ခွာချိန်၊ လဲလှယ်ချိန်တွေမှာ ကော်ချေးကျန်တာတွေ၊
အောက်ခံဆေးသားကို အနည်း နဲ့ အများ စားစေနိုင်ပါတယ်။ အရည်အသွေးမြင့် Sticker ကို ကပ်ပါ။ ခဏ ခဏ မလဲပါနဲ့။
- အက်ဆစ်ဖြစ်စေနိုင်တဲ့ အရည်တွေ စွန်းထင်းမယ်ဆိုရင် အမြန်ဆုံး ဆေးကြောပါ။ ဥပမာ - အချိုရည် ဆိုသည့်တိုင်အောင် အနည်းငယ် စေးကပ်မှုရှိပြီး ပုံမှန်ထက် အချဉ်ပေါက်မှု မြန်ဆန်သလို အက်ဆစ်ဓါတ်ပေါက်စေနိုင်တာကြောင့် ကိုယ်ထည်ကို သန့်စင်အောင် ထားပါ။
- တိုက်ရာ၊ ခြစ်ရာတွေအတွက် တက်ကျွမ်းသူနဲ့ သာ ပြင်ဆင်ပါ။ နီးစပ်ရာပစ္စည်းနဲ့ မပြင်ဆင်ပါနဲ့။ ဆေးသားပေါက်သွားသည်ထိအောင် (အောက်ခံကိုယ်ထည်သား ပေါ်သည်ထိအောင်) ခြစ်မိသွားမယ်ဆိုရင် အမြန်ဆုံး ဆေးပြန်ထည့်ပါ၊ အောက်ခံသားဟာ သံချေးအတက်လွယ်စေတာကြောင့် အချိန်ကြာထားလေလေ ပြင်ဆင်ရမှု ကြီးမားလေလေ ဖြစ်ပါလိမ့်မယ်။
- တိုက်ရာ၊ ခြစ်ရာ၊ ဆေးသားပျက်နေတဲ့နေရာတွေကို မိုးရေထိမိသွားရင် ယင်းနေရာမှာ သံချေးပါ တက်လာစေနိုင်ပါတယ်။
- ပေါလစ်ပုံမှန်မတိုက်ပဲစီးတဲ့ ကားတစ်စီးဟာ ပေါလစ်ပုံမှန်တိုက်ပေးတဲ့ ကားတစ်စီးထက် ဆေးသားပြယ်လွင့်မှုနှုန်း ၁၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စေပါတယ်။
- စက်ပေါလစ်တိုက်မှုအတွက် ကျွမ်းကျင်ဆိုင်မှာ တိုက်ပါ၊ ဆေးပါ၊ မိမိအိမ်မှာ ကိုယ်တိုင် တိုက်မယ် ဆိုရင်လည်း မှန်ကန်တဲ့ ပေါလစ်သားကို မေးမြန်းဝယ်ယူ တိုက်ချွတ်ပါ။ ပေါလစ်သား ကြမ်းတာ၊ မကျွမ်းကျင်တာမျိုးတွေက ဆေးသားကို ထိခိုက်စေနိုင်ပါတယ်။
- ကားအောက်ပိုင်း သံချေးစွဲနေတာ အချိန် သုံးလကြာတိုင်း ကားရဲ့  သက်တမ်း ၆ လခန့် တိုသွားစေနိုင်ပါတယ်။
- ခံနိုင်ဝန်ထက် ပိုပြီးတင်မယ်ဆိုရင် အောက်ဖက် အထိုင် Frame နာသွားတက်ပါတယ်။ Frame ကို ဂရုစိုက်ပါ။ အသစ်လဲလှယ်လို့ မရတဲ့ အပိုင်း ဖြစ်တာကြောင့်ပါ။
- ကားကို ပုံမှန်ရေဆေးမပေးဘူးဆိုရင် ကပ်ငြိဖုန်မှုန့်တွေကြောင့် ဆေးသားစားသွားစေပါတယ်။
- အချိန် ၃ လ ကျော်တဲ့အထိ ကိုယ်ထည်ပိုင်း ဆီ၊ ချေး၊ စွန်းထင်းအရာတွေကို ဆေးမပေးပဲ အသုံးလိုမှ ဆေးကြောတာမျိုးဟာ ပိုပြီးပွတ်တိုက်၊ ပိုပြီးအားစိုက်ရတာကြောင့် အောက်ခံဆေးသားကို ပိုပြီး အကျလွယ်စေပါတယ်။
- အ၀တ်ကြမ်း၊ မသန့်ရှင်းတဲ့ အ၀တ်စတွေနဲ့  ကိုယ်ထည်ကို ပွတ်တိုက် သန့်စင်ခြင်းက မသန့်တဲ့အပြင် ပိုပြီး စွန်းထင်းညစ်ပက်စေပါတယ်။
- မှန်မှာ ဖုန်တွေကပ်ညိနေချိန် ၀ိုက်ဘာသုံးခြင်းဟာ မှန်ကို အစင်းရာတွေဖြစ်ပေါ်စေပါတယ်။ ဖုန်တွေအရင်ရှင်းသွားအောင် ရေရဲ့  အကူအညီယူပြီးမှ ၀ိုက်ဘာသုံးဖို့ သတိပြုပါ။
------------------------------------------------------
🚗 အတွင်းခန်း 🚗
-------------------------
- နဂိုမူရင်း ထိုင်ခုံသားတစ်ထပ်တည်းနဲ့ မစီးနင်းပါနဲ့။ ထိုင်ခုံစွပ် တပ်ဆင် စီးနင်းပါ။
- ပေါက်၊ ပြဲ ထိုင်ခုံနေရာတွေကို အမြန်ဆုံး ဖာထေးပါ။
- ထိုင်ခုံစွပ်၊ ထိုင်ခုံသားတွေကို စားသွားစေမယ့် ဆီ၊ အညစ်အကြေးတွေကို စွန်းပေမသွားအောင် ဂရုစိုက်ပါ။
- ပီကေ နဲ့ ကော်တို့ လို ကပ်ငြိစေနိုင်မယ့် အရာတွေ ပေနေပြီဆိုရင် စိတ်ရှည်ရှည်ထားပြီး ခွာပါ။ ထိုင်ခုံစွပ် အမြန်ဆုံးတပ်ဆင်ပါ။
- ကလေးတွေကို ချွန်ထက်၊ ပေါက်ပြဲစေနိုင်တဲ့ အရာတွေနဲ့  ကားထဲမှာ ဆော့ကစားတာမျိုး မပြုစေအောင် ပြောပြပေးပါ။
- အိမ်မွေးတိရိစ္ဆာန်တွေကို ကားထဲမှာ အလွတ်စီးစေတာထက် သီးသန့် လှောင်အိမ်၊ အထိုင်မျိုးနဲ့ တင်ပြီးစီးနင်းပါ။
- အတွင်းခန်း ခြေနင်းအခင်းတွေ၊ ထိုင်ခုံအစွပ်တွေ ထည့်သွင်းတပ်ဆင် စီးနင်းခြင်းမရှိပါက ကားရဲ့ အတွင်းခန်းနဲ့ ထိုင်ခုံတွေကို အလျင်အမြန် ပျက်စီးစေနိုင်ပါတယ်။
------------------------------------------------
🚗 DRIVING 🚗
-----------------------
- မိုးရွာနေမယ်ဆိုရင် ဒါမှမဟုတ် မိုးအုံ့ နေခဲ့မယ်ဆိုရင် ပုံမှန်နေ၀င်ချိန်ထက် ၂နာရီခန့် စောပြီး မီးဖွင့် မောင်းနှင်ပါ။ လမ်းဆုံ၊ လမ်းခွတွေမှာ မီးတောက်ပါ။ အချက်ပြမီး ပြသ စီးနင်းပါ။ တကယ်လို့ မိုးသည်းလွန်းနေမယ်ဆိုရင် လမ်းအနေအထားအပေါ် မူတည်ပြီး မည်သည့်အချိန်မဆို မီးဖွင့်ပြီးမောင်းပါ။
- ပုံမှန် အိမ်စီးကားတစ်စီးဟာ တစ်နာရီ မိုင် ၆၀ နှုန်း မောင်းလာရာကနေ ရပ်တန့် မယ်ဆိုရင် ယူမယ့် အကွာအဝေးက ရပ်တန့်သည်ထိအောင် ပေ ၁၂၀ ခန့် ဖြစ်ပါတယ်။ စိုစွတ်နေတဲ့ လမ်းမှာ အဆိုပါ နှုန်းထက် အမြန်နှုန်း အပေါ် မူတည်ပြီးတော့ အကွာအဝေး ထက်ဝက်ခန့်ထိအောင် ပိုယူနိုင်ပါတယ်။ ဒါ့ကြောင့် မိမိ ရပ်လိုတဲ့ လမ်း၊ လမ်းဆုံ၊ နေရာ မရောက်ခင် အရှိန်ကို ကြိုတင်လျော့ချပါ။
- ၀န်ပိုတင်ခြင်းဟာ မတော်တဆဖြစ်ချိန်မှာ ယာဉ်ကို ပိုပြီးတိမ်းမှောက်ဖို့ အားပေးသလို ရပ်တန့်ဖို့လည်း ခက်ခဲစေတာကြောင့် ၀န်ပိုတင်ပြီး မမောင်းပါနဲ့ ။ အထူးသဖြင့် အပေါ်ဝန်များစေမယ့် အမိုးပိုင်းမှာ ၀န်များများ တင်ခြင်းကို ရှောင်ပါ။
- မိုးရွာချိန် ဒါမှမဟုတ် မိုးရွာပြီးစချိန်တွေမှာ ရာသီဥတုက အေးနေတတ်တာကြောင့် အင်ဂျင်အပူချိန် အတက်နှေးစေတဲ့အတွက် အချို့ ယာဉ်မောင်းတွေက အင်ဂျင်အထကောင်းအောင် မနားတမ်းဖြစ်စေ၊ ပိုပြီး မြန်ုမြန်ဖြစ်စေ မောင်းနှင်တတ်ပါတယ်။ ဒါမျိုးကို ရှောင်ပါ။ လမ်းစို အနေအထားမှာ ရပ်တန့်ဖို့ ခက်စေသလို မတော်တဆဖြစ်ရပ်တစ်ခုအတွက် တိမ်းမှောက်စေနိုင်မှု ပိုများစေပါတယ်။
- တေးသီချင်းကို ကျယ်လောင်စွာ ဖွင့်လှစ်မောင်းနှင်ခြင်းကို ရှောင်ပါ။
- လက်ကိုင်ဖုန်း အသုံးပြု မောင်းနှင်ခြင်းကို ရှောင်ပါ။
- ယာဉ်မောင်းအနေနဲ့ စကားများ၊ ရန်ဖြစ်၊ ငြင်းခုံရင်း မောင်းနှင်ခြင်းကို ရှောင်ပါ။
- အရက်သေစာ သောက်စား မောင်းနှင်ခြင်းကို ရှောင်ပါ။
- အစားအသောက် စားသောက်နေရင်း မောင်းနှင်ခြင်းကို ရှောင်ပါ။
- ယာဉ်ပေါ်ပါ ခရီးသည်၊ ပစ္စည်း၊ တိရိစ္ဆာန်တို့အပေါ် အာရုံစိုက်ပြီး မောင်းနေတာမျိုးကို ရှောင်ပါ။
- လက်ကိုင်ဘီး၊ ဂီယာစနစ်၊ လီဗာ၊ ဘရိတ်တွေ အပေါ်မှာ ခြေ၊ လက်တို့ကို အဆင်သင့်မထားပဲ မောင်းနှင်တာမျိုးကို ရှောင်ပါ။
- အရေးပေါ် အသက်ကယ်ခါးပတ် မပတ်ပဲ မောင်းနှင်ခြင်းကို ရှောင်ပါ။
- သက်မှတ်မြန်နှုန်းထက် ပိုမို မောင်းနှင်ခြင်းကို ရှောင်ပါ။
- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မောင်းနှင်ခြင်းကို ရှောင်ပါ။
🚗 🚗 🚗 🚗 🚗
Criedt - MMM Car Sales Center
⬇Download လုပ်နည်း⬇
( 1 ) Download ကိုနှိပ်ပါ။
( 2 ) " 5 " စက္ကန့် စောင့်ပါ။
( 3 ) Skip Ad ကိုနှိပ်ပါ။
( 4 ) Download button သို့ မဟုတ် download အမှတ်အသား အားနှိပ်၍ download လုပ်ပါ။ ⬇⬇⬇
မူရင်း Cradit
*** Blog မှာတင်သမျှ စာအုပ် အားလုံးကို တစုတစည်းထဲ ဖတ်ရှု့
နိုင်ရန် Online Library Application လေးအောက်မှာ Download ရယူပါ ***
>>>>>>> Online Library <<<<<<<
အခြားသူများ ဗဟုသုတ တိုးပွားစေခြင်းအလို့ ငှာ ဤ Post လေးအား Share ပေးခြင်းဖြင့် ကူညီပါ။ Share on Facebook 👇🏿👇🏿👇🏿👇🏿👇🏿👇🏿👇🏿👇🏿👇🏿👇🏿

Comments
Post a Comment